မော်စကိုက လွမ်းပုံပြင်

မော်စကို မှာ ဖြစ်ပျက်သွားတဲ့ အကြောင်းအရာလေး တခုပါ
ရုရှား မော်ဒယ်မလေး Natalia Vodianova နဲ့ မြန်မာ စစ်ဗိုလ်လေး တို့ရဲ့ ရင်ဘတ်ကိစ္စလေး ဆိုပါတော့….ဇာတ်လမ်းက ဒီလို


ရုရှား မော်ဒယ်မလေး Natalia Vodianova အိမ်ထောင်မကျခင်က မြန်မာ စစ်ဗိုလ်လေး တယောက်ကို မော်စကို က Gorky Park မှာမြင်မြင်ချင်း စိတ်ဝင်စားသွားလို့ မိန်းကလေးတို့ ထုံးတမ်းစဉ်လာအရ ဘဲကြောင်ပါသတဲ့။


အဲဒီ….ကြောင်ခံဘဲ…စစ်ဗိုလ်လေးဆိုတာက တပ်မတော်ရဲ့ သဘောထား အမှန်တွေကို သဘောပေါက်ပြီး ကတည်းက Vodka သောက်ပြီး boycott လုပ်နေတဲ့သူ ဖြစ်လေတော့ သူမနဲ့ တွေ့ချိန်မှာ အရက်နာကျ နေလေရဲ့။


သူမ အရဲစွန့်ပြီး အနားတိုး ကပ်ရှိတ်လိုက်မှ အားပါးပါး…. စစ်ဗိုလ်လေးက ထင်ထားတာထက် အတော်ဖြောင့်ဆိုပဲ။နောက်ပြီး ဒီအချိန်မှာ စစ်ဗိုလ်လေးက စစ်ဓာတ်ကျပြီး မျက်နှာညိုနေလေတော့ သူမ အတော်လေး စိတ်မကောင်းဖြစ်သွားကာ စပြီး "pri`vet, vy govo'rite po russki" မေးလိုက်တော့ "Da" လို့ စစ်ဗိုလ်လေးက ဖြေလိုက်အပြီးကစ ၅မိနစ်အတွင်း သူတို့ မိတ်ဆွေတွေဖြစ် သွားကြသတဲ့။


ခင်မင်သွားတော့ စကြပြောင်ကြ တယ်ပေါ့ဗျာ စစ်ဗိုလ်လေးက "Ya tebyA l yubly U ဆိုတာဘယ်လို အဓိပ္ပယ်လည်းလို့"
ညီခ လို အရူးကွက်နင်းတော့၊ သူမက "Vodka တွေဈေးကျပြီလို့ပြောတာလို့" ပြန်လှောင်သတဲ့။ဒါပေမယ့် စစ်ဗိုလ်လေး မျက်နှာညိုနေ တုန်းပါပဲ။


နောက်ထပ် သူမက Vodka တလုံးယူလာပြီး ဒါသောက်ပြီးရင် သူမကို၃ခါတိတိပါတ်ပြီး နမ်းမယ်ဆိုမှ တိုက်မယ်လို့ ပြောတော့ စစ်ဗိုလ်လေးက "povto'rite po'zhaluista mne p'lokho s'lyshno " လို့ ပြုံးစစ စကားဆိုကာ ယူသောက်လိုက်သတဲ့။ Vodka တန်ခိုး နဲ့ စစ်ဗိုလ်လေးဟာ အရင်ကထက် ပျော်လာပါသတဲ့။


သူမလည်း စစ်ဗိုလ်လေး ပျော်တာကို ကြည်နူးပြီး ထပ်စလိုက်သတဲ့။

ယူပြောတဲ့ "တပ်မတော်သာ အမိ၊တပ်မတော်သာ အဖ အမှန်ဆိုရင် All of you are supported to be gays." ပေါ့ဆိုတော့ စစ်ဗိုလ်လေး အသံထွက်ကာရယ် လာပါရော။


ဆက်ပြီး…အောင်ဆန်းရဲ့ အနီးကပ်ဆုံး ရန်သူကိုချေမှုန်းကြဆိုတဲ့ ဆိုဒ်ဗါကို အရင်ဆုံးသဘော ပေါက်တာ ဘယ်သူလဲလို့…
သူမကမေးတော့…စစ်ဗိုလ်လေးက မဆိုင်းမတွ ဂုဏ်ယူဝံ့ကြွားစွာဖြင့် "ဗိုလ်မှုး ဗထူး" လို့အဖြေ….သူမက ခေါင်းကိုဟန်
ပါပါလေးခါပြီး အဖြေမှန်က "အုန်းကျော်မြင့်" ပါလို့ပြောလည်း ပြောလိုက်ရော


မောင်မင်းကြီးသား "ဟုတ်ပ၊ဟုတ်ပ" ဆိုပြီး ခွက်ထိုးခွက်လှန် ရယ်ရောဗျာ။

ဒီလိုနဲ့ သူတို့ ၂ယောက် ဆရာ နန္ဒာသိန်းဇံရဲ့ ဝတ္တုထဲက အခြမ်းပျောက်သူတွေလို အရမ်းချစ်သွား ကြပြီး ချစ်စကြင်စ သမရိုးကျ စုံတွဲတွေလို ပန်းခြံထဲက လီယိုတော်စတွိုင်း ရေခဲရုပ်ထု အရှေ့မှာ အပြန်အလှန် သစ္စာပြုကြပါသတဲ့။

အရင်ဆုံး သူမကစပြီး "Vasily Grigoryevich Zaytsev က Soviet ကိုချစ်ခဲ့သလို ချစ်ပမယ်" ဆိုပြီး စစ်ဗိုလ်လေးကို ဒူးကွေးကာ ကိုယ်ကိုကိုင်း၍ နမ်းရင်း သစ္စာဆိုသတဲ့။

ဘယ်ရမလဲ မြန်မာ စစ်ဗိုလ်လေးလည်း ယူနီဖောင်းကိုပြင်၊ဦးထုပ်ကို အကျအနဆောင်း၊ဖိနပ်၊ခါးပါတ်နဲ့ ရွှေကြယ် ကိုချက်(ခ့်)၊ ကြယ်သီး သေချာတပ်ပြီး တော်စတွိုင်းကို အလေးနီပြုရင်း ပြန်လှည်ကာ ဒီလို သစ္စာဆိုပါတယ်။


"မြန်မာ့တပ်မတော်က လူမျိုး၊ဘာသာ၊သာသနာ နှင့် အမိနိုင်ငံတော်အပေါ် ထားရှိသော မေတ္တာမျိုးဖြင့် ထပ်တူထပ်မျှ ချစ်ပ...."

"ဖြောင်း"

"မသာ ခွေးစကား မပြောနဲ့" ဟုဆိုရင်း…လမ်းခွဲလိုက်ကြပါသတဲ့။

Comments

Anonymous said…
ဟားဟား မိုက်တယ်ကွာ
ရီရတယ်ဗျို့

Popular Posts