Thursday, January 29, 2009
မအားမလပ်ကြရင်တော့...ခွင့်လွှတ်ကြပါဗျို့
အလိုက်ကမ်းဆိုးမသိ Tagမိတဲ့အတွက်ကိုပေါ့
ဘာရယ်တော့မဟုတ်ပါဘူး
ကဗျာရေးမလို့ စဉ်းစားလိုက်တာ ခေါင်းစဉ်တခုပဲ ရလိုက်သတဲ့
ကျော်မကောင်းကြားမကောင်းဗျာ...
ဥာဏ်နည်းသူ ဒီငနဲကို ကူကြပါအုန်းလို့...အကူအညီတောင်းရင်း Tagလိုက်တယ်ဗျို့
"ရင်ခွင်လျှော့ဈေး"
တစ်လောကလုံးမှာ
တစ်ယောက်တည်းလို့
ချစ်ခဲ့မိတဲ့ငါ့အချစ်မှာ
ရယူမှုကင်းလို့
ပေးဆပ်ခြင်းသာပျော်ဝင်ခဲ့တာ
တကယ်လို့များ ဒီရင်ခွင်ကို
ငဲ့မကြည့်လို့ လှည့်ထွက်တော့မယ်ဆို
ချစ်သူရယ် နင်ရက်စက်နိုင်ပါတယ် (အိပ်မက် နိဒါန်း)
လွမ်းဆွေးခြင်းတွေ နင် ထားခဲ့လည်း
ငါ့ရင်ခွင်တံခါးကို
နင့်ပြန်လာမယ့် တနေ့ထိ
ဖွင့်ထားမယ်... (ဟန်လင်းထွန်း)
ဝင်လာခဲ့ပါချစ်သူ
ဘာဆိုဘာမှ မသယ်လာခဲ့ပါနဲ့
ငါ့နှလုံးသားထဲ မင်းအတွက်
အချစ်စစ်တွေနဲ့ ဖျော်စပ်ထားတဲ့
ဖျော်ရည်တစ်ခွက် တိုက်ပါရစေ
ပြန်ထွက်သွားတဲ့တစ်နေ့
မျှော်လင့်ခြင်း ဖန်ခွက်ပါးပါးလေးတော့ထားခဲ့ပေးပါ
ငါ သတိရတိုင်း
မင်းနှုတ်ခမ်းရာလေးကို
အလွမ်းပြေ နမ်းရှိုက်ချင်လို့ (မောင်မျိုး)ညီမျိုး
ချစ်သူရေ
လင်းလက်ခွင့်ရှိရင် တောက်ပလိုက်ချင်တယ်
ကမ္ဘာကြီးတစ်ခုလုံး ထိတ်လန့်သွားအောင် ....
ကြည်နုးခွင့်မရှိတဲ့ ဘ၀မှာ
ကဗျာတွေပဲ ထိုင်ရေးနေမိတယ်
ရိုးသားခြင်းဟာ ဒုက္ခရောက်လွန်းလို့....
ဆိုးလိုက်တဲ့ မိုး
အညှိုးလည်း မထားချင်တော့ပါဘူး
ငါ့ဘ၀ပေါ်မှ ကွက်ကျားရွာရတယ်လို့ ......
အဖြေညှိမရတဲ့ ပုစ္ဆာတွေကြားမှာ
မသိကိန်းတွေ များလွန်းတဲ့ စာမျက်နှာတွေ
တန်ဖိုးဆိုတာ ငါမသိချင်တော့ပါဘူး ...
အရိုးသားဆုံးဝန်ခံရရင်
ငါ မင်းကို သိပ်ချစ်တယ် ... (မိုးသောက်)
“နင့် ခြေနုဖဝါးလေးတွေ ထိရှစေခဲ့သလား
ရင်ထဲက နှင်းဆီတချို့ရဲ့ အမှတ်တမဲ့မာန ဖြစ်မှာပါ..
အဝေးဆုံးထိလိုက်ဖို့ ပြင်ဆင်ခဲ့ပြီးကာမှ နေခဲ့ပါဆိုတော့
အလွမ်းတွေက နည်းနည်းတော့ ဘောင်ဘင်ခတ်တာပေါ့
တံခါးလည်းမရှိခဲ့ပါဘူး ဓားလည်းမရှိခဲ့ပါဘူး..
ဟောဒီ ရင်ခွင်အခန်းလေးကို
သူငယ်ချင်းလေးလို ဖြစ်ဖြစ်
ချစ်သူတစ်ယောက်လို ဖြစ်ဖြစ်
မောင်ရင်းနှမလိုပဲ ဖြစ်ဖြစ်
သတိရတယ် ဆိုရင်
နင့်မှာ တစ်သက်စာ ဗီဇာလေးရှိသေးတယ်…“(လင်းဒီပ)
အခုတော့…
ငါ့နှလုံးသွေးထဲက အနှစ်ထုတ်ပြီးပြောခဲ့တဲ့
မလိုင်စကားလုံးတွေကတောင် နင့်ဆုံးဖြတ်ချက်ကို မနိုင်တော့ဘူးပေါ့။
ဘာပဲဖြစ်ဖြစ်
ကမ္ဘာကြီးကိုတောင် လည်ပတ်စေနိုင်ခဲ့တဲ့ လက်နက်
မေတ္တာတရားကို နင်ဖြောင့်အောင် ဖတ်တတ်တဲ့တစ်နေ့ 
လက်ဆောင်တွေသိမ်းပိုက်ဖို့ ငါ့ဆီကို ပြန်လာခဲ့ပါ။
မျက်စောင်းလေး တစ်ချက်ချိတ်
နင့် ခေါင်းလေး တစ်ချက်ညိတ် လိုက်ရုံနဲ့ 
ကမ္ဘာတစ်ခုလုံး ပေးလိုက်မယ်။
နင့်အတွက်ဆို ငါ့ရင်ခွင်ဟာ
ရာသီမရွေး…
လျှော့ဈေး။ အကောင်းဆုံး ဘလော့ခ်(ကဗျာ)ဆုရှင် ကောင်းကင်ကို
ငြိမ်သက်ကတော့ ကလောင်ရှင် နေရာအား အနစ်နာခံ တာဝန်ယူရေးသားမည် ဖြစ်ပါကြောင်း....ဟီးရမလားလို့ နောက်တာ
မန့်ရင်းနဲ့ ရေးပေးခဲ့ကြပါရန်
လေးစားစွာဖြင့်....ငြိမ်သက်
တယောက်တလက် ရိုင်းပင်းကူညီ ဟန်ချက်ချက်ညီညီဖြင့် နှလုံးသားမှ စကားစုတွေနှင့် ဒီကဗျာလေးအား စာပန်းချီခြယ်မှုန်း
ပေးခဲ့ကြသော ဘလောခ့်ဂါ ညီအကိုမောင်နှမ များအား ကျေးဇူးအထူးတင်ရှိပါကြောင်း...
ခင်မင်စွာဖြင့်....ငြိမ်သက်
13 Comments:
  1. မောင်မျိုး said...
    အပေါ်က ၂ယောက်ရေးတာဖတ်ပြီးမှ ရေးလို့ဖြစ်မှာပေါ့ ။ ဒါနဲ့ သိပ်မရှင်းဘူး မူးတယ်ဗျး)
    ngyeinthet said...
    အိမ်မက် ဘလောခ့် က မန့်တွေဆီမှာ ကလောင်ထက်တဲ့ ကိုဝင်းလတ် ရဲ့ မန့်ကဗျာလေးကိုလည်း ကဗျာ ပြီးတဲ့အခါ မျှော်လင့်လျက်ပါ
    ကောင်းကင်ကို said...
    ရေးမယ်ညီလေးရ။ အပေါ်က အပိုဒ်တွေကို စောင့်လိုက်ဦးမယ်။ :-) ဘယ်သူမှ မရေးကြသေးရင်တော့ အပိတ်အပိုဒ်ကနေ စရေးလိုက်မယ်။ဟားဟား ။:D
    အိပ်မက်နိဒါန်း said...
    တစ်လောကလုံးမှာ
    တစ်ယောက်တည်းလို့
    ချစ်ခဲ့မိတဲ့ငါ့အချစ်မှာ
    ရယူမှု့ကင်းလို့
    ပေးဆပ်ခြင်းသာပျော်ဝင်ခဲ့တာ
    တကယ်လို့များ ဒီရင်ခွင်ကို
    ငဲ့မကြည့်လို့ လှည့်ထွက်တော့မယ်ဆို
    ချစ်သူရယ် နင်ရက်စက်နိုင်ပါတယ်..
    ကိုငြိမ်သက်ရေ..ရေးခဲ့ပြီနော်.
    ကောင်းမယ်တော့မထင်ဘူး.
    သတိတရ TAG အတွက်ကျေးဇူးပါရှင်.
    လင်းဒီပ said...
    ok...i will write ..
    pls wait me...
    now i ve no myanmar font to type..
    မောင်မျိုး said...
    ဘာဆိုဘာမှ မသယ်လာခဲ့ပါနဲ့
    ငါ့နှလုံးသားထဲ မင်းအတွက်
    အချစ်စစ်တွေနဲ့ ဖျော်စပ်ထားတဲ့
    ဖျော်ရည်တစ်ခွက် တိုက်ပါရစေ
    ပြန်ထွက်သွားတဲ့တစ်နေ့
    မျှော်လင့်ခြင်း ဖန်ခွက်ပါးပါးလေးတော့ထားခဲ့ပေးပါ
    ငါ သတိရတိုင်း
    မင်းနှုတ်ခမ်းရာလေးကို
    အလွမ်းပြေ နမ်းရှိုက်ချင်လို့
    အပေါ်ကရေးထားတဲ့ သူတွေနဲ့တော့ လွဲနေလားမသိး) ရေးတက်ဘူးဗျ ကျနော်က ကဗျာရေး ညံ့တယ် ကိုလှုပ်ခပ် ငြိမ်သက် မဟုတ်ဘူး လူကို ခဏခဏ ဒွတ်ခ မပေးနဲ့နော် :P
    မိုးသောက် said...
    ကဲ လာပြီဗျို့ နောက်ကျသွားတာ စောတီးပါဂျာ
    အရှုပ်တွေရှင်းနေလို့ပါ အဟီး :D
    ချစ်သူရေ
    လင်းလက်ခွင့်ရှိရင် တောက်ပလိုက်ချင်တယ်
    ကမ္ဘာကြီးတစ်ခုလုံး ထိတ်လန့်သွားအောင် ....
    ကြည်နုးခွင့်မရှိတဲ့ ဘ၀မှာ
    ကဗျာတွေပဲ ထိုင်ရေးနေမိတယ်
    ရိုးသားခြင်းဟာ ဒုက္ခရောက်လွန်းလို့....
    ဆိုးလိုက်တဲ့ မိုး
    အညှိုးလည်း မထားချင်တော့ပါဘူး
    ငါ့ဘ၀ပေါ်မှ ကွက်ကျားရွာရတယ်လို့ ......
    အဖြေညှိမရတဲ့ ပုစ္ဆာတွေကြားမှာ
    မသိကိန်းတွေ များလွန်းတဲ့ စာမျက်နှာတွေ
    တန်ဖိုးဆိုတာ ငါမသိချင်တော့ပါဘူး ...
    အရိုးသားဆုံးဝန်ခံရရင်
    ငါ မင်းကို သိပ်ချစ်တယ် ...
    ခေါင်းစဉ်နဲ့ ဆိုင်လားတော့ မသိပါဘူးဗျာ
    အဲ့ဒါလေးသာ ကိုင်လိုက်ပါတော့ :P
    လင်းဒီပ said...
    မင်းခြေနုဖဝါးလေးတွေ ထိရှစေခဲ့သလား
    ရင်ထဲက နှင်းဆီတချို့ရဲ့ အမှတ်တမဲ့မာန ဖြစ်မှာပါ..
    အဝေးဆုံးထိလိုက်ဖို့ ပြင်ဆင်ခဲ့ပြီး ကာမှ နေခဲ့ပါဆိုတော့
    အလွမ်းတွေက နည်းနည်းတော့ ဘောင်ဘင်ခတ်တာပေါ့
    တံခါးလည်းမရှိခဲ့ပါဘူး ဓားလည်းမရှိခဲ့ပါဘူး..
    ဟောဒီ ရင်ခွင်အခန်းလေးကို
    သူငယ်ချင်းလေးလို ဖြစ်ဖြစ်
    ချစ်သူတစ်ယောက်လို ဖြစ်ဖြစ်
    မောင်ရင်းနှမလိုပဲ ဖြစ်ဖြစ်
    သတိရတယ် ဆိုရင်
    မင်းမှာ တစ်သက်စာ ဗီဇာလေးရှိသေးတယ်…
    အထက်ပါစာသားများအတိုင်း ကျွန်ုပ်ရေးလိုက်ပါသည်...ကိုငြိမ်သက်ခင်ဗျား...:P
    လင်းဒီပ said...
    Sorry ကိုငြိမ်သက်ရေ..“မင်း“ တွေအကုန်လုံးကို “နင်“ လို့ပြင်ပြီး ပြန်လာပို့တာ.. အပေါ်ပိုဒ်တွေက “နင်“ တွေ ဖြစ်နေလို့..
    “နင့် ခြေနုဖဝါးလေးတွေ ထိရှစေခဲ့သလား
    ရင်ထဲက နှင်းဆီတချို့ရဲ့ အမှတ်တမဲ့မာန ဖြစ်မှာပါ..
    အဝေးဆုံးထိလိုက်ဖို့ ပြင်ဆင်ခဲ့ပြီးကာမှ နေခဲ့ပါဆိုတော့
    အလွမ်းတွေက နည်းနည်းတော့ ဘောင်ဘင်ခတ်တာပေါ့
    တံခါးလည်းမရှိခဲ့ပါဘူး ဓားလည်းမရှိခဲ့ပါဘူး..
    ဟောဒီ ရင်ခွင်အခန်းလေးကို
    သူငယ်ချင်းလေးလို ဖြစ်ဖြစ်
    ချစ်သူတစ်ယောက်လို ဖြစ်ဖြစ်
    မောင်ရင်းနှမလိုပဲ ဖြစ်ဖြစ်
    သတိရတယ် ဆိုရင်
    နင့်မှာ တစ်သက်စာ ဗီဇာလေးရှိသေးတယ်…“
    ကောင်းကင်ကို said...
    အစ်ကို့ အလှည့်ရောက်လာပြိ။ ရေးမယ်နော်။
    ကောင်းကင်ကို said...
    အခုတော့…
    ငါ့နှလုံးသွေးထဲက အနှစ်ထုတ်ပြီးပြောခဲ့တဲ့ မလိုင်
    စကားလုံးတွေကတောင် နင့်ဆုံးဖြတ်ချက်ကို မနိုင်တော့ဘူးပေါ့။
    ဘာပဲဖြစ်ဖြစ်
    ကမ္ဘာကြီးကိုတောင် လည်ပတ်စေနိုင်ခဲ့တဲ့ လက်နက်
    မေတ္တာတရားကို နင်ဖြောင့်အောင် ဖတ်တတ်တဲ့တစ်နေ့ 
    လက်ဆောင်တွေသိမ်းပိုက်ဖို့ ငါ့ဆီကို ပြန်လာခဲ့ပါ။
    မျက်စောင်းလေး တစ်ချက်ချိတ်
    နင့် ခေါင်းလေး တစ်ချက်ညိတ် လိုက်ရုံနဲ့ 
    ကမ္ဘာတစ်ခုလုံး ပေးလိုက်မယ်။
    နင့်အတွက်ဆို ငါ့ရင်ခွင်ဟာ
    ရာသီမရွေး…
    လျှော့ဈေး။
    ညီလေးရေ၊ နောက်ဆုံးအပိုဒ်ကိုရေးလိုက်ပြီနော်။
    မိုးသောက် said...
    ကဲ မမျှော်လင့်ပဲ စုဖွဲ့မိတဲ့ ကဗျာအစုံသုတ်လေးကို ကျနော့်ဆီမှာ အမှတ်တရ ပြန်တင်ချင်တယ်ဗျာ ..
    သဘောလေးတွေ ပြောပေးကြပါဦး :)
    ကောင်းကင်ကို said...
    တစ်ပုဒ်လုံးတင်ပြီးသား လာပြန်ဖတ်သွားတယ်ညီရေ။ စုရေးရတာ ပျော်စရာတစ်မျိုးကောင်းတယ်နော်။း-)
    အစ်ကိုရေးထားတဲ့ဟာမှာ "ငါ့နှလုံးသွေးထဲက အနှစ်ထုတ်ပြီးပြောခဲ့တဲ့ မလိုင်" ကတစ်ကြောင်းညီရ။ အစ်ကိုက မလိုင် နဲ့ နောက်တစ်ကြောင်းက မနိုင်ကို ရစ်သမ်သဘောမျိုး ယူထားတာ။ ဒါပေမယ့် ဒီအတိုင်းလေးလည်း လှတာပဲ။ ကိစ္စမရှိဘူးညီ။ ညီ့ဘလော့ကို လင့်ခ်ထားလိုက်ပြီနော်။
Post a Comment