"အမုန်းမဲ့နောင်တ"


ဂါဂါ…နင်နဲ့တွေ့တိုင်း
ငါ့ကမ္ဘာ့
ဝေဒနာ အလွမ်းညတွေပါ
ကြွေကာနွမ်းလျမယ့်
ပန်းတွေအဖြစ်သာပွင့်မယ်..ဆိုရင်လေ
ငါ့နှလုံးသားမျက်နှာကျက်ကနေ
တဖြုတ်ဖြုတ်ကြွေကျလို့
ငါ့ရင်ခွင်ကြမ်းပြင်ထက်မှာ
ငါ့ကောင်းကင်ကြေမွပေါ့

တခါတခါ ဒီအတွက်
လ "က" ကမ္ဘာ့ကိုနာတဲ့စိတ်မျိုးနဲ့
ငါနေကြတ်ချင်ခဲ့

တားမြစ်ထားတဲ့ အဆိပ်သီးပေါ်က
ကိုက်ရာအတွက်တော့
ငါ့ဦးနှောက်မှာ နောင်တတွေမထင်ဟပ်ခဲ့ပါဘူး
အပြီးသတ် မစားသုံးနိုင်ခင်
အဆိပ်တက်ခဲ့တဲ့…
ကိုယ့်ကိုကိုယ်….သာ….

Comments

Popular Posts