ဆီးဖီးယတ်(စ်)အလွမ်း

"ဆီးဖီးယတ်(စ်)အလွမ်း"

ကကြိုးစုံတဲ့
ညမျိုးစုံဆို၊မင်း...ဘယ်လောက်ပျော်မလဲ
မင်းရင်ထဲလှမ်း...၊ငါမှန်းမိတယ်
ဂျူနို။

ကကြိုးဆန်းတဲ့
ညချမ်းမျိုးဝယ်
မင်းကိုငါ,...လွမ်းတယ်
ဂျူနို။

ကကြိုးပျောက်မယ့်
ညမျိုးရောက်တယ်ဆို
ငါ...အခု၊သေမတတ်ကြောက်ခဲ့ပြီ
ဂျူနို။

လောကဓံသာ
အပြောမြန်မယ်ဆိုရင်လေ...,
ကကြိုးဝေးတဲ့၊ညမျိုးလေးကိုပဲ
ငါ...,တမ်းတမ်းတတအစကတည်းကရှိပါစေလား
ဂျူနိုရယ်။

တာရာမင်းဝေ ၏ ဂျူနို အားခံစားတင်ပြသည်။

Comments

Popular Posts