Posts

Biography

၁၄.၀၄.၁၉၈၀
တနလာင်္နေ့တခုဝယ်
သူတို့ထုဆစ်ကာချစ်
ငါလူဖြစ်ခဲ့ရတယ်။

သူရဲကောင်းမျက်နှာနဲ့
ငြိမ်းချမ်းတဲ့ရင်ခွင်တခု
ငါရရှိဖူးခဲ့တယ်။

နေနဲ့လကိုလည်း
တပြိုင်နက်
ပိုင်ဆိုင်ခဲ့ဖူးတယ်။

Oldthings

Image
ကျနော့် ရဲ့  မ တခုသော ၁၉... နှစ်များဆီက အကြောင်းအရာလေး တခုပါ။ညီမျိုးရဲ့ (မောင်မျိုး)ခပ်စောစော သင်္ကြန်ပို့လေးက ရင်ထဲကအနာဟောင်းကို လာဆွလိုက်သလိုပါပဲ။ ဟင် မဖတ်ခဲ့မိရင် ကောင်းသား၊ ဒင်းကလေးရဲ့ အရေးအသားကလည်းကောင်းနေတော့ အင်း ကိုယ့်ဒေါသနဲ့ ကိုပဲလေ ခံပေါ့ လှလှကြီး။ မမအတွက်ဆို လောကကြီးကို ခါးစောင်းတင်ပစ်မယ်ဆိုတဲ့ ကောင်လေး ဘဝပေါ့။ ကျနော်က ၈ တန်း သူက ၁၀တန်း ကျောင်းသူ ဘဝ၊ မ အတွက်နဲ့ လိုက်လိုက်ရတဲ့ မေးခွန်းတွေ၊ ဒါပဲကြည့်ကွက်တိလို့ ကြားတာနဲ့ မျက်နှာနဲ့ ခြေလှမ်းက အသင့် အလိုအလျောက်ကို လှည့်မိလျက်သားပဲ။ မ က စာတော်ပါတယ် ဒါပေမယ့် မိန်းကလေးတွေရဲ့  ထုံးတမ်းစဉ်လာအရ Details သိပ်မက်တော့ ပူစရာမဟုတ် ပူနေရောပဲ။ သူပူနေတော့ ဒီကကောင်လဲ ဘယ်နေနိုင်မလဲ၊ ဒါနဲ့ တက္ကသိုလ် ရောက်နှင့်နေတဲ့ မကြီးဆီ အပူကပ်ပြီး မေးခွန်းရနိုင်၊ကြားနိုင်မယ့် နေရာတွေ စုံစမ်း၊ ၀ယ်တန်ရာဝယ် တောင်းတန်ရာတောင်း လုပ်လိုက်တာ စုံလောက်ပြီထင်လို့ သေချာပြန်ကြည့်မိတော့မှ ဟိုက်ရှားပါး...ပြဌာန်းစာအုပ်တွေကို စာမေးပွဲနီးမှ လိုက်ဝယ်မိ သလိုပါပဲ တယောက်တပေါက်ပေးထားလိုက်တာ မေးခွန်း ၃ စုံရှိထားရင် ဖတ်စာအုပ်ထဲကဟာတွေ အကုန်ခြုံမိနေမှတော့ မတိုးရှိပ မလား။
ဘာပဲဖြစ်ဖြစ် မအတွ…

ပြန်ရပါပြီ

ပျောက်နေတာတွေ....တွေပြီဗျ

ငြိမ်သက် နဲ့ ဧပြီလ ၁၄ ရက်

Image
ဒီနေ့ဧပြီ ၁၄ က...
ကျနော့်မွေးနေ့တဲ့။အမေနဲ့ပတ်ဝန်းကျင်ကပြောတာပဲ...အဲဒီတုန်းကတော့ အတော်ချစ်စရာ ကောင်းတယ်တဲ့။
ဒီမှာအပေါင်းအသင်းသိပ်မရှိတော့...၃နှစ်လောက်ရှိပြီ ခပ်ခြောက်ခြောက် သင်္ကြန်နဲ့မွေးနေ့တွေ ကျော်လွန်ခဲ့ရတာ။အခုနှစ်တော့ တမျိုးထူးမယ်လို့ထင်ထားတာ ပြီးတော့လည်း..း)း( ။ ဒီမှာ ကသင်္ကြန်ပွဲသို ၂ဖွဲ့ခွဲပြီး ၂ခါလုပ်တယ်လေ။စစချင်း စောက်နဲ့ထွင်း ဆိုသလိုပါပဲ ပထမပွဲကို သွားတာ ရန်ပွဲနဲ့ ပက်ပင်းတိုးပါလေရောဂျာ။ဒါနဲ့စိတ်ဓါတ်ကျပြီး သူငယ်ချင်း ၁ယောက်အိမ်မှာ ရေမလောင်းရမယ့်အတူတူ ရရာလောင်းမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ လူစုပြီး ဘီယာတွေလောင်းထည့် ခဲ့ကြတယ်။နောက်တပွဲကို (overseas ကျောင်းသူသစ်ချောချောလေးတွေရှိတယ်လို့ အတိတ်စိမ်း ရထားတာတောင်မှ)မသွားဖြစ်တော့ပါဘူး။ ၁၂ ရက် နေ့ညနေကြတော့ ကံတက်လာတယ် ထင်ပါတယ်၊ ကိုယ်ကြောင်စီကွေးနေတဲ့ ကောင်မလေးနဲ့ အမှတ်မထင်ဆုံပါလေရော ဒါနဲ့ ဒီနှစ်သစ်မှာတော့ အပြီ ဆင်ကြံကြံမယ်ဆိုတဲ့အတွေးနဲ့ (၁၄ ရက်နေ့ မှာဆုံမယ်လို့ ဒိတ်ရအောင်) ညကြရင်ဖုန်းခေါ်မယ်လို့ ကျူလိုက်တယ်ဗျ။ ၁၃ရက် နေ့ မနက်မှ ဖုန်းခေါ်ဖြစ်တော့တယ်။


အဟီး... ညကရေချိန်လွန်သွားလို့လေ...ကျနော်ဖုန်းခေါ်တာ...တနေ့နဲ့တညလုံးလုံးပါပဲ...No answer..
ကျနော့်အထင်တော့ မ…
Image
ကျနော် ခင်မင်ခွင့်ရခဲ့တဲ့ စကားလုံးတွေကို စကားပြောလာအောင် စွမ်းဆောင်နိုင်သော သူတွေထဲက တယောက်ဆိုပါတော့။ အခုတော့ သူ့ ပရိတ်သတ်ကို အနုပညာတွေ တစုတစည်းထဲ တင်ပြနိုင်ဖို့ ကဗျာပန်းခင်းလေးတခု ဖန်ဆင်းနေပါပြီ ဆိုတာ ဒီစာမျက်နှာမှတဆင့် သတင်းကောင်းပေးလိုက်ပါရစေခင်ဗျာ။

"ကျွန်"


ရှေးရှေးတုန်းကတော့
နယ်ချဲ့ တွေက ကျွန်ပြုဖို့ ကျွန်တော်တို့ ဆီကိုလာတယ်။
ဒီဘက်ခေတ်မှာတော့
ကျွန်ခံဖို့ ကျွန်တော်တို့ ကိုယ်တိုင် ခရီးထွက်ရတယ်။
လူဖြစ်ပေမယ့် ရွေးချယ်ခွင့်က မရှိခဲ့ဘူး အမေရယ်။

ကျွန်တော့် အဖြစ်က
အိပ်မက်ထဲက ကမ္ဘာကို
ကျွန်ရွာမှာမှ သွားရှာမိတဲ့ အဖြစ်။

သေရင် မြေကြီးဆိုတာကတော့ မှန်ပါတယ်။
ရှင်ရင်တော့ မစို့ မပို့ ငွေလေးက ကျွန်တော်တို့ အတွက်ရွှေထီးပေါ့။

တရွာပြောင်းပေမယ့် သူကောင်းတော့ မဖြစ်ခဲ့ပါဘူး။
ကျွန်ပဲဖြစ်ခဲ့တယ်။
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်သတဲ့။
ကျွန်တော်… အမေနဲ့ ညီမလေးတွေအတွက် ရဲခဲ့ပါတယ်။
ကျွန်ပဲ ဖြစ်နေသေးတယ် အမေ။
ကျွန်တော့်ရဲ့  ရဲရင့်မှုတွေကပဲ နေရာလွဲခဲ့လို့ လား။

ကိုယ့်အခွင့်အရေးကို သိဖို့ နေနေသာသာ
တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့် အသက်ဘယ်လောက်ရှိမှန်းတောင် မသိရှာဘူး။
တချို့ ကလေးတွေဆို မြန်မာ နာမည်တောင် မရှိရှာဘူး။
ဘော(့စ…
Image

အနားမှာရှိနေပေးပါ

အနားမှာရှိနေပေးပါ
ပြောချင်တာတွေဘယ်သူ့ကိုမှပြောပြခွင့်မရတဲ့အခါ

အနားမှာရှိနေပေးပါ
ဆန္ဒနဲ့ဘ၀တွေထပ်တူမကျတဲ့အခါ

အနားမှာရှိနေပေးပါ
မာနနဲ့ပတ်ဝန်းကျင်လုံးထွေးကြတဲ့အခါ

အနားမှာရှိနေပေးပါ
အယောင်ဆောင်အလှတရားတွေကြားမှာ
ငါယစ်မူးစွာနစ်မျှောနေတဲ့အခါ

အနားမှာရှိနေပေးပါ
အလိုဆန္ဒတံလျှပ်တွေနောက်
ငါ ကောက်ကောက်ပါတဲ့အခါ

အနားမှာရှိနေပေးပါ
ငါ့ကိုချစ်တဲ့ သူ တွေကိုတောင်
မေ့လျှော့လာတဲ့အခါ

အနားမှာရှိနေပေးပါ
သူငယ်ချင်းဆိုတဲ့ ငွေမာမျိုးကတောင်
အရောင်တွေပြောင်းလဲလာတဲ့အခါ

အနားမှာရှိနေပေးပါ
ငါ့ကိုယ်ငါပြန် မုန်းဖြစ်လာတဲ့အခါ

အနားမှာရှိနေပေးပါ
ချစ်သူရယ်...နင်ကတောင် မနှစ်မြို့ ချင်ဖြစ်လာတဲ့အခါ
အနားမှာရှိနေပေးပါ။