ဒီကဗျာလေးကို ၉တန်းကျောင်းသား ဘဝက သူငယ်ချင်း တစ်ယောက်အတွက် ရေးခဲ့တာပါ၊ဖတ်ပြီးရင် ကဗျာလား၊ ရည်းစားစာလား ဆိုတာကို comment မှာ ကျေးဇူးပြု၍...


"ကာရန်လေးသို့"


မင်းသာ...
ကဗျာလေးတစ်ပုဒ်
ဆိုရင်လေ

မင်းရဲ့...
မျက်ဝန်းနက်နက်
တစုံက

ကဗျာတစ်ပုဒ်ရဲ့
အဓီက "သော့"ချက်
ကာရန်လေးပေါ့။

ကာရန်လေးရယ်
ကိုယ်...
ကဗျာလေးတစ်ပုဒ်ကို
ခံစားတတ်ခဲ့ပြီ

အဲဒီအချိန်ကစပြီး
ကိုယ့်ရင်ခုန်သံတွေ
စည်းချက်မဲ့နေတယ်
ကူညီပါကာရန်လေးရယ်
ကူညီပါနော်။

Comments

အင်း ဘယ်လိုပြောရမလဲ ။ ခန နေအုန်းဗျာ ပြီးမှ လာပြန်ပြောမယ်

Popular Posts