ကိုယ်ရေးရာဇ၀င်

ညီခ သူမနဲ့တွေ့တော့ ချစ်ခြင်းကို ဝယ်ယူ စားသောက် တတ်မြောက် နေနှင့်ပါပြီ။ ဆိုချင်တာ က..မိန်းမနဲ့ပတ်သက်ရင်...အစိမ်းသက်သက် မဟုတ်တာကိုပါ။ ဒါတောင် တွေ့စမှာ ညီခ နှလုံးသား အတော် ကစဥ့်ကလျား ဖြစ်သွားသေးတယ်။ သြော်..ဒါနဲ့...ကျွန်တော့်နာမည်က ညီခဝေ ပါ။၁၆ ရပ်ကွက်နဲ့၁၀အိမ်ကျော်က အိမ်နံပါတ် ....မှာ ကလေါင်ကြောင်ရယ်၊ ပါဏာတိပါတာ မပါရင် ဟာတိဟာတာ ဖြစ်တယ် ဆိုပြီး ကျွတ်ထိုက်သူ၊ မကျွတ်ထိုက်သူ တွေကို အတင်းကာရော လိုက်ချွတ်လေ့ ရှိတဲ့ မထိုက်တို့နဲ့အတူနေတယ်။နီလာ*တွေဆို...သူ့မြင်ရုံနဲ့ လန့်လို့။

အဲပြီးတော့...ခွေးပွဲစားနဲ့လည်း ကျွန်တော် ခင်တယ်၊ ဒါက ကျွန်တော့်အတွက် အတော့်ကို စွန်စားရတာပါ စဉ်းစားကြည့်ဗျာ ခွေးတွေတောင် သူ့ရန်ကြောက်နေရတာ။နောက်ပြီး...ဗလမရှိပေမယ့် ဇ ရှိတဲ့ ဗျတ်ဝိဗျတ်တရယ်၊

ရာဇဝင်ထဲကသူရဲကောင်းတွေလို အရပ်အမောင်း နဲ့ အသားအရေ ရှိပါလားဆိုပြီး သူ့ကိုသူ ပီတိ ဖြစ်ကာ ပြုံးမှ ကိုယ့်အနားမှာ သူရှိပါလားဆိုတာ သိရတဲ့ ဆရာကြီးရယ်၊ စိုက်ပျိုးရေးသင်တန်း ပြီးပြီးချင်း ပေါက်တူးတွေ၊ထွန်ခြစ်တွေ အရည်ဖျော် ပစ်တဲ့ ဇိုးမောင်၂၊ဆေးဆိုင်က သူကြိုက်နေတဲ့ ကောင်မလေးက ကိုယ့်စရိတ်ကိုယ်စား အလကား လင်မယား တော်ရင်တောင်မှ စဉ်းစားဦးမယ်ဆိုတဲ့ ငပိန်ရယ်၊အဖေက တခါတလေ အူကြောင်ကျား ဆိုတဲ့ ဂဠုန်၊SAI ၊ SAI ဆိုပြီး S တလုံးမှမပါပဲT.h.u..r.a နဲ့ ဝရ တဲ့ စွမ်းထက်၊အင်း...ဒီလိုပါပဲ...ညီခက အခေါ်အပြော ညက်တော့ လူသိများတယ်။ အဲ...မခေါ်မပြောချင်တဲ့ အထာနဲ့ လူမျိုးဆိုရင်လည်း ပြသနာရှာပြီး အိမ်တိုင်ယာရောက် သွားဆဲတာဆိုတော့ ဘယ်သူ မခေါ်မပြောချင် ရှိပမလဲ..ဟုတ်စ။အသေပဲရမယ်လေ...ဘာရယ်တော့ မဟုတ်ပါဘူး...လှဦး လို လူရှိန်ရုံအောင်ပါ။

ဆောရီးဗျာ...အပျိုးလွန်သွားလို့။ ကိုယ့်လူတို့လည်း ရိပ်မိမှာပါ အဓိက ပြောချင်တာက ကျွန်တော့်အစမှာ ပြောခဲ့တဲ့ ကောင်မလေးအကြောင်း။ သူမက ဒီဇာတ်လမ်းမှာ မင်းသမီး ဆိုရင် ကဲ ပရိတ်သတ်ရေ စဉ်းစားမနေတော့နဲ့၊ပုံသေနည်း လို့သာမှတ် ဇာတ်လိုက်က ညီခပဲ။ သူများစာရေးသူတွေလို ကပ်စေးနဲးပြီး ဇာတ်သိမ်းကိုလည်း ဝှက်မထားဘူး၊ ဇာတ်အိမ်မရ၊ ကျောရိုးမလှရင်လည်း နေပစေ အဆင်ပြေပြီ ဆိုတာနဲ့ပေါင်းပေးမယ်။ ဇာတ်ညွန်းအရ ပေါင်းမရဘူး ဆိုရင်တောင်မှ အပြင်မှာ မရရအောင် ပေါင်းပေးမယ်ဗျာ ဟုတ်ပလား၊ အားလုံး ညီခတာဝန် သာထား ဒီ မဒီလေးနဲ့ ပတ်သက်ရင်။အဲ တခုတော့ ကြိုတင် ပြီး တောင်းပန်ပါရစေ၊ မထင်မှတ်ပဲ ကြိုးစားရင်း ညီခ ခြေလွန်လက်လွန် အချုပ်ရောက်၊ဂါတ်ရောက် ရင်သာ သနားသဖြင့် အာမခံလေး ပေးကြပါလို့ ဟုတ်ပြီလား။

စာပေ နှမ၊ အမ၊အန်တီ တို့ ကန်တော့ပါရဲ့... ကျွန်တော့် သူမက အထက်ပါ အ၇ည်အချင်းများ အပြင် အောက်ပါ အနေအထားများနှင့်ပါ ပြည့်စုံသည် ဆိုတဲ့ ၂၈,၂၂,၃၄ size ၁၀ ၀တ်လေ့ရှိတဲ့ ကောင်မလေးပါ။ ဟို... နောင်တော်ကြီးများ ပြောပြောပြီး လျှာအရသာ ခံလေ့ရှိတဲ့ ရေစင်းငါး ဆိုလား၊ မင်းကြီးကြိုက် ဆိုလားပဲ။အဲ...မင်းကြီးတော့ ဘယ်လိုနေလဲ မသိဘူး...ကျွန်တော်တော့ အတော်ထိတယ်ဗျာ။နေ့တိုးလေ ဝေဒနာကဆိုးလေ ဆိုတော့ တယောက်ယောက်ကို ဖွင့်ပြောဖို့ ညီခ ဆုံးဖြတ်လိုက်တယ်...သူမရဲ့ အဖေက လွဲလို့ပေါ့။ကိုယ့်လူရေ ဒီနေ့အတွက်ကံဆိုးသူကတော့ ခင်ဗျားပဲ...လုပ်ပါဗျာ...နောက်ပြောပြမယ့် အကြောင်းအရာတွေက ကံစမ်းမဲ မပါပေမယ့် စိတ်ဝင်စားဖို့ကောင်းပါတယ်ဗျ။

အဲ...သူမ ဘယ်သူဘယ်ဝါ ဆိုတာတော့ အတိအကျ မပြောပါရစေဗျာ...မတော်လိုက်ရတဲ့ ယောက္ခမကြီးက စိတ်ကြီးတယ်ဗျ၊နေ ကျ၊ရေ ကျ၊ စနေည ၁၂ နာရီတိတိမှာ မွေးတဲ့ မရဏဘွား စနေသားဗျ။နောက်ပြီး လတ်တလော ကျနော့် မူပိုင်ရှင်လေးကလည်း ကြိုက်မယ်မထင်ဘူးဗျ။


ကဲ...အသား၏ ကောင်းခြင်း၊ အရေ၏ ကောင်းခြင်း၊ အရိုး၏ ကောင်းခြင်း၊ဆံမျှင်၏ ကောင်းခြင်း၊အရွယ်၏ ကောင်းခြင်း စသော...ထိုကောင်းခြင်းငါးဖြာဖြင့် ပြည့်စုံ၍ သမင်မျက်လုံး၊ဇင်ယော်တောင် မျက်ခုံး၊ငါးရံ့ ကိုယ်လုံး၊ဇာမဏီ ကိုယ်ဟန်၊ကရဝိတ်သံ...ကြိုးကြာသံ နှင့် လမ်းသွားလျှင် ဆင်မယဉ်သာ(တကယ်က ဆရက်ခုန် သလိုပါ)လှမ်းတတ်သော ကျနော် တရိစ္ဆာန်မလေးကို...အဲ ဖွဟဲ....@#%*** နတ်စိမ်းမလေးကို(အိန်ဂျယ်လို့ တင်စားချင်ပေမယ့် သူမက ပြုစားတတ်လို့ဗျ။ ဘယ်လိုလဲဆို သူမကိုမြင်တိုင်း ကျနော်အမြဲ သရည်တွေ...ကျလို့။အဟိ.. ညီအကိုတို့လည်း သရေတွေ သုတ်ရင်း ဆက်ဖတ်ပေါ့ အချင်းချင်းတွေပဲ စိတ်ဆိုးဘူး)တနေ့ ကျောင်းအပြန် လမ်းမှာ ခေါတောတစ်ကောင်က သူ့မှာတမ်းကို ကိုင်ပြီး ထီ သည်လို ပကျိ..ပကျိ လိုက်လုပ်လို့ ကျနော့် မဒီလေး ခလုတ်တိုက်တယ် ဆိုလား၊တရုတ်ရိုက်တယ် ဆိုလား၊ဖပြုပ်ကိုက်တယ် ဆိုလား၊" " ဆိုလားပဲ။

ကျနော့် သည်းခံမှုအတိုင်းအတာ ဘယ်လိုနေမလဲ ဆိုတာ စဉ်းစားသာကြည့် ပရိတ်သတ်ရေ။သို့ပေသိ ဒေါသရှေ့ထား အမှားများ၏လို့ ရှေးစာ စကားက ရှိထားလေတော့ မောင်မင်း စိတ်လျော့၊စိတ်လျော့ လို့ အသိစိတ်က ဆုံးဖြတ်တယ်။စေ့စေ့တွေး ရေးရေးပေါ်ဆိုသလို ၁၅မိနစ်ကြာတော့ ကျနော် ဘာကိုဒေါသ ထွက်ခဲ့တယ်ဆိုတာ မေ့သွားတယ်ဗျ။ဒါပေမယ့် သူမကိုတော့ ပြင်းပြင်းရှရှ သတိရနေမိတယ်။...ဆက်ရန်


နီလာ*=မန်ဒါလီ

Comments

ဟင်း နာတိတယ် နင်ဘာဇာတ်ခင်းနေတယ် ဆိုတာ
mirror said…
ကြိုက်တယ်ဗျ..။

Popular Posts