" အထီးကျန်ည "

ဘဝမှာ
အထီးကျန်ညတွေဆိုတာ
မဆန်းပေမယ့်...
"မင်း" ဆိုတဲ့ "လ" ကို
အတော်လွမ်းတယ် ။ ။

မျှော်မှန်းကြည့်တော့လည်း
အတော်မနီးပါဘူး
စိတ်မညစ်ပေမယ့်
အရိပ်အဖြစ်နဲ့ သိပ်ချစ်ခဲ့သူသာရူး

နှစ်ကိုယ်အတူရှိနေနိုင်ဖို့
မဖြစ်လေတဲ့အဆုံး
မင်းပေးအပ်ဆဲ
ခပ်လွှလွှအငွေ့ အသက်ကလေးကိုပွေ့ဖက်
ကြယ်စင်တွေမြင်တိုင်း
အဓိပ္ပါယ်မဲ့ပြုံးတတ်ခဲ့ရင်း
သန်းခေါင်ကျော်လေတိုင်း

ဂါဂါရယ်...
"မင်း" ဆိုတဲ့ "လ" ကို
အတော်လွမ်းတယ် ။ ။

Comments

Anonymous said…
ဂါဂါ.... ဆိုတာ ဟိုက အစ်ကိုတွေသုံးကြတာ သိထားတယ် အစ်ကိုလည်း အဲ့ကလား သိပါဘူးး)
Anonymous said…
မောင်ငြိမ်သက် ပြောကုန်ကြပြီ ..
ဂါဂါ ဆိုတာ ကျနော်တို့ ညီအစ်ကို ဖွဲ့တဲ့ အခေါ်အဝေါ်ဗျ ..
ခင်ဗျား ဂါဂါ က ဘယ်သူတုန်း အဟီး ..
တွေ့ပါများလို့ မေးကြည့်တာပါ :P
ဂါဂါ ဆိုတာလေးကို နားမလည်တာက လွဲရင်
ကဗျာလေးက လွတ်ကောင်းဗျာ :D
ဟုတ်တယ် သူတို့ပြောသလိုပဲ..
ကဗျာလေးက feel ပဲ..
ဂါဂါဆိုတာတော့ နားမလည်ဘူး..
ဂါဝန်ပဲဝတ်လို့ ချစ်စနိုးခေါ်တာလား မသိ..:P
Unknown said…
သူငယ်ချင်ဖုန်းမောင်ရေမင်းရှင်းပေးလိုက်ပါဦ။မင်းရဲဂါဂါဆိုတာ
ဘယ်သူလဲလို့ ၊နောက်သူများတွေတစ်မျိုးထင်နေဦမယ်။
Kaung Kin Ko said…
ညီလေးရဲ့ လမင်း လေးအကြောင်းကို ဖတ်သွားတယ်ညီ။

Popular Posts