မချိုရေ Tag ကြွေးပါ ဆပ်လိုက်ပြီဗျို့

မချိုရေ Happy new year အော်ရင်း Tag ကြွေးပါ ဆပ်လိုက်ပြီဗျို့

မုန်းတယ်ဆိုတဲ့ စကားလုံးကို ကိုယ့်ကိုကိုယ် ပြန်သုံးဖို့ကျတော့ ရိုင်းရာများကျသွားမလားလို့ အဟီး အားတောင့်အားနာဖြစ်နေလို့။
အားမရ တဲ့ အချက်တွေတော့ ထဲက လက်ရွှေးစင် (၁၀) ချက်ကိုရေးပေးလိုက်ပါတယ်။


၁။သူငယ်ချင်းတွေ ရှေ့မှာဆိုရင် မခင်တတ်သလိုလို ရုပ်တည်ကြီး နဲ့နေနိုင်ပေမယ့် ခွဲရပြီဆိုရင် တော်တော်နဲ့ နေသားမကျတဲ့သူ

၂။အမြဲတမ်း သူငယ်ချင်းတွေနဲပဲ အချိန်ကုန်နေချင်တဲ့ ဝါသနာ

၃။ဘောလုံးပွဲ ဆို ကိုယ်တိုင်ပဲ ကန်ကန်၊ သူများကန်တာပဲ ကြည့်ကြည့် သရေပွဲဆို မုန်းတဲ့စိတ်ဓါတ်

၎။သူငယ်ချင်းတွေနဲ့ ဆို လက်ဖွာတတ်တာ(ပင်ကို စရိုက်ကိုက ပိုက်ဆံ မြင်ရင်သုံးဖို့ပဲသိတဲ့ အသိတရား)

၅။အပြောချိုချို နဲ့ အပျိုချောချောလေး ဆို အမြင်ကပ်နေရင်တောင်မှ မုန်းလို့မရတဲ့ ကိုယ်ပိုင် စရိုက်

၆။ကိုယ်က စိတ်ဝင်စားတဲ့ ကောင်မလေးကို မြတ်မြတ်နိုးနိုး ခြေဆုံးခေါင်းကြည့်ပြီဆို အပြစ်တွေပဲစစပြီးရှာတွေ့တတ်တဲ့ မျက်စိနဲ့ ခေါင်းထဲက ဗဟုသုတ စံပေတံ

ရ။လကုန်ရက်တွေ နဲ့ ပိုက်ဆံပြတ်တဲ့ရက် တွေမှာဆိုရင် ဖျားချင်တဲ့ ရောဂါ

၈။သင်္ကြန်၊ မုန်ဟင်းခါး နဲ့ ဝက်သားကို နေရာ၊အခါ မကြည့်ပဲတောင့်တ တတ်တဲ့ အာသီသ

၉။ဂီတကို မြတ်နိုးသလောက် တူရိယာဆို ဝါးလက်ခုပ်တောင် ဖြောင့်အောင်မတီးတတ်တဲ့ ကိုယ်ပိုင်စွမ်းရည်

၁၀။ပြန်မပြော၊ နားမထောင် ကိုယ်မှန်တယ်ထင်ပြီဆိုရင် .....တဲ့ ခေါင်းကျော


ရပြီထင်တယ် မချိုရေ။ ရနိုင်သလောက်တော့ ဘယ်သူ့မျက်နှာမှ မကြည့်ပဲ အရိုးသားဆုံး ဝေဖန်ပြီးရေးပေးလိုက်တာပါ။ဟဲဟဲ

Comments

အခုလို tag ထားတာကို မှတ်မှတ်ရရ ရေးပေးတဲ့အတွက် ကျေးဇူးပဲ.. ။ အပျိုလေးတွေကို မမုန်းတာကောင်းပါတယ်..။ စံပေတံကြီးနဲ့ တိုင်းလွန်းရင်တော့ လူပျိုသိုကြီး ဖြစ်သွားလိမ့်မယ်နော်.. ။ နောက်တာ့မှ အသဲကွဲရလိမ့်မယ်မလုပ်နဲ့... လင်းလင်း တောင်စွန်နေပြီ...။

Popular Posts