မနှစ်ရဲ့ နောက်ဆုံးည

"မနှစ်ရဲ့ နောက်ဆုံးညက ကျနော်ဘာလုပ်ခဲ့သလဲ?"

၃၁ ညကကျနော် ကလေးဗိုလ် လုပ်ပြီး မြို့ထဲလျှောက်လည်ဖြစ်တယ်။ဒါတောင် ကလေးတွေက အတော်မဲဆွယ်လို့။
နှစ်သစ်မှာ သူများတွေ အဝတ်အစားသစ်တွေနဲ့ လှနေတာကို အားမနာပ ရေမချိုးပဲ သွားငမ်းခဲ့တာ။
ကံဆိုးချင်တော့ မျက်မှန်က အိမ်မှာမေ့ကျန်ခဲ့လို ကောင်မလေးတွေ တွေ့ ရင်Scanဖတ်ရတဲ့ အချိန်နည်းသွား သလို၊ ဂွင်လည်းကျဉ်းသွားတယ်။ဒါပေမယ့် မောင်မျိုး၊မိုးသောက်၊ညီခဝေ၊လင်းဒီပ တို့ရဲ့ သူငယ်ချင်းပဲ လွယ်၂တော့ဘယ်လက်လျှော့မလဲ။
ယောက်ျားတို့ ဖွန် နှာခေါင်းကြီးချွန်ချင်သလောက် ချွန်ပစေဆိုပြီး မြင်သမျှတွေ့ သမျှကို မျက်မမြင်ငမ်း ငမ်းလိုက်တယ်ဗျာ။ အရွယ်မရောက်သေးတဲ့ ကလေးကအစ မမကြီးတွေအဆုံး အဲဒီအချိန်မှာ ကျောသားရင်သား မခွဲခြားပဲ မျှမျှတတ ကျနော်...ခဲ့တယ်။
အဟီး...ဝါးတားတားဖြစ်နေလို့ မောင်နှမလိုစောက်ရှောက်ရမယ့် ညီမလေး ၂ ယောက်တောင် ကျနော်ရမ်းတဲ့ ဝါးလုံးရှည်ထဲ မတော်တဆ ပါသွားသေးတယ် သတိထားမိတော့ လက်လွန်နေပြီ။ ဘွာတေးနော်...နောက်နှစ်မှာ မျက်မှန်မေ့မကျန်အောင် ကြိုးစားပါမယ့်။

မြို့ထဲရောက်မှ မူးပစ်မယ်လို့ တွေးထားတဲ့ ကျနော့်အိမ်မက်လှလှလေးတွေကို No alcohol ဆိုတဲ့ဆိုင်းဘုတ်က ရင်ဝတည့်၂ကို ဝင်ဆောင့်ပါလေရောဗျာ။ဒါနဲ့ KFC မှာကြက်ကြော်ကို ပက်စီနဲ့တွဲပြီး ပိုးစိုးပက်စက် မူးပစ်လိုက်တယ်။ အသက်မပြည့်သေးတဲ့ ကလေးတွေခေါ်လို့ ID ပြမှဝင်လို့ရတဲ့ Club မှာ Pool တပွဲကို ရုပ်တည်နဲ့ ဝင်ထိုးကြလို့ ပွဲပြီးရင် ချက်ချင်းပြန်ကြဖို့ သတိပေးခံရသေးတယ်။ နှစ်သစ်ကူးမှာ အလကားရတဲ့ Transports ကိုစီးရဖို့ အိမ်ထောင်ကျအောင် စောင့်ရတဲ့လူတန်းကြီးက လွဲလို့ ကျန်တာအားလုံး အဆင်ပြေပါတယ်။

တောင်ကျွန်းသူတွေရဲ့ ကြံ့ခိုင်တဲ့အလှကို ဖုန်နံသင်းနေသောမိတ်ကပ်၊ ရေမွှေးရနံ့ နှင့်အတူ ခံစားရင်း Yarra မြစ်ကမ်းမှာ မီးရှုးမီပန်းဖေါက်တာ ကြည့်ပြီးပြန်ခဲ့တယ်။ အရပ် ၅'၁၁" ရှိတဲ့ စေတနာ့ ဝန်ထမ်း လုံခြုံရေးမလေးကို အသွားအပြန်ငမ်းမိလို့ လည်ပင်းညောင်ရေအိုးဖြစ်တာက လွဲလို့ ကျန်တာအားလုံးအဆင်ပြေပါတယ်။

ရထားပေါ်မှာ တော့ ဆန်ရေကော၊စုန်ရေပါ ကျနော်မြင်တွေခဲ့ရတယ်။ တမနက်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ထားရပေမယ့် တနှစ်တခါမှမြင်ရတွေ့ရ ကြုံရတဲ့ Firework ကို သားသမီးတွေကိုပြချင်လွန်းလို့...အလုပ်ကပြီးပြီးခြင်း အိမ်ပြန်၊ရောက်တာနဲ့ မိသားစုလိုက် မြို့ထဲကို ချီတက်လာကြတဲ့ ရောင်စုံ မိသားစုတွေ၊ စက်နဲ့ အပြိုင်ရုန်းခဲ့လို့ ပင်ပန်းနေပေမယ့် သားတွေသမီးတွေ ပျော်နိုင်ရေးအတွက် အငယ်ဆုံးကလေးကို ကုန်းပိုး၊ ကြံကြံခံကာ လူတန်းကြီးကို ဦးဆောင်တိုးနေတဲ့ ဖခင်မေတ္တာ၊ ၁၀ နာရီကျော် မတ်တတ်ရပ် အလုပ်လုပ်ခဲ့ရပေမယ့် ဆွဲတန်သူကို ဆွဲ၊ ဟောက်တန်သူကို ဟောက်၊ နှစ်သိမ့်တန်သူကို နှစ်သိမ့်...သားသမီးတွေကို ကြက်အုပ်မကြီး သဖွယ်စောင့်ရှောက်ရင်း ရထားစီးရဖို့ ရှေ့ က လူတန်းရှည်ကြီးကို စိတ်ရှည်လက်ရှည် တန်းစီစောင့်နေတဲ့ မိခင်မေတ္တာ..

အပြန် ရထားပေါ် ကြတော့ လူနဲ့ ရထားကမမျှတော့ ပါဘူး၊ ကမ္ဘာ့အဆင့်အတန်းဆိုတာတွေ အဲဒီအချိန်မှာ ခဏခွင့်ယူထားကြပါတယ်။ ရန်ကုန်လိုင်းကား နဲ့ဘာမျှမခြားလို့ ရွာလွမ်းသူ တွေအတွက်တော့ အဆင်ပြေတဲ့ ညလေးတညပါ။ ကျနော် နဲ့ အတူပါကျနော့်သူငယ်ချင်းတို့ ကတော့ ရန်ကုန်သားပီသစွာ ခုံနေရာ ရခဲ့ကြပါတယ်။ ဝင်ပေါက်နားက နေရာမှာပါ၊ ရထားထွက်ခါနီး ၁ မိနစ်အလိုမှာ ထပ်တက်လာတဲ့ Asian မိသားစု၃ယောက် က ကိုယ့်ခုံနားမှာ လာရပ်ပါတယ်။ ကောင်ကလေးက ၆နှစ်ဝန်းကျင် ချစ်စရာ ရည်ရည်မွန်မွန်လေးပါ...ဒါနဲ့ ကျနော် ခုံနေရာဖယ် ပေးလိုက်ပါတယ်။တဆက်တည်းမှာပဲ... ပင်ပန်းနေဟန်ပေါက်တဲ့ သူ့ မိဘတွေကို သတိထားမိသွားတဲ့ သူငယ်ချင်းကပါ သူ့နေရာကို ပါယူပြီး မိသားစုအတူတကွထိုင်ကြဖို့ ပြောရင်း နေရာဖယ်ပေးလိုက်ကြပါတယ်။


(ဆက်ရန်)

Comments

Anonymous said…
ဟားဟား လုပ်ပြီဗျို့ .. ဘယ်နှယ့် ကိုယ့်ဟာကိုယ် ငမ်းတာ နာ့ကို ဆွဲ့ထည့်ရသေးတယ် .. ဘယ်အချိန်က သိသွားပါလိမ့် အဟီး ..
ကောင်းဗျာ နှစ်သစ်ကို ကြိုဆိုပုံကဖြင့် တစ်မျိုးထူးပါလေ့ဗျာ ..ကျနော်လည်း ရေးတော့မယ်ဗျို့ အားခဲနေတာ အဟဲ ..ကောင်းတာတွေ တစ်ခုမှ မလုပ်ခဲ့လို့လေ :D
ဘာတွေဆက်ဦးမှာလဲ.. ဆက်ရန်တွေများနေတယ်.. စောင့်ဖတ်ရတာ စိတ်မရှည်တော့ဘူး..

Popular Posts