Tuesday, November 4, 2008

ဆာရိုနာရာ

"ဆာရိုနာရာ"

တစ်နေ့ကျရင်
အသေအချာ ခွဲကြရမှာပါလေ
လျှံဖိတ်လာတဲ့
ချစ်ခြင်းတွေကို အံကြိတ်ခါတင်းရင်း
မျက်နှာရယ်...မင်း...,
ဆက်ပြီး...
ဟန်ဆောင်ခြင်းတွေကောင်းလိုက်ပါ
နှလုံးသားရဲ့ ငိုချင်းရှည်တွေ
မပြီးမခြင်းပေါ့...။

ရယူခြင်းတွေ...ပေးဆပ်ခြင်းတွေ
လက်လှမ်းမမှီတော့တဲ့အခါ
ငါ...,
ပကတိ အဖြူရောင်ချစ်ခြင်းတွေနဲ့
တိတ်တဆိတ်
ရင်ကွဲနာ ကျလျက်ပါ ။

ဆင်စွယ်ဖြူတွေလို ပြန်ဝင်ရိုးမရှိတော့တဲ့
ချစ်ခြင်းကို ရင်ဝယ်ပိုက်ကာ
င်ါတို့ရဲ့...ဝေးကွာခြင်း
သံယောဇဉ် နေ့ရက်များ
အိုမင်းစေကြောင်း တောင်းဆုခြွေရင်း...
မျှော်လင့်ခြင်းဆိုတဲ့ အသိနဲ့
ငါ...,
တိတ်ဆိတ်စွာ
ရင်ကွဲနာ ကျလျက်ပါ ။

3 Comments:

  1. Moe Myint Tane said...
    တိတ်ဆိတ်စွာ ရင်ကွဲနာကျလျက်ပါတဲ့လား ကဗျာလေးကို ခံစားသွားတယ်။ ကဗျာလေးဖတ်ပြီး ထိရှရှလေး ခံစားသွားရတယ်။



    စိတ်၏စေရာနာခံလေသော

    မိုးမြင့်တိမ်
    အိပ်မက်နိဒါန်း said...
    ရယူခြင်းတွေ...ပေးဆပ်ခြင်းတွေ
    လက်လှမ်းမမှီတော့တဲ့အခါ
    ငါ...,
    ပကတိ အဖြူရောင်ချစ်ခြင်းတွေနဲ့
    တိတ်တဆိတ်
    ရင်ကွဲနာ ကျလျက်ပါ ။

    ကောင်းလိုက်တဲ့ စာသားလေးတွေပါဘဲ
    မိုးသောက် said...
    ဆင်စွယ်ဖြူတွေလို ပြန်ဝင်ရိုးမရှိတော့တဲ့
    ချစ်ခြင်းကို ရင်ဝယ်ပိုက်ကာ
    င်ါတို့ရဲ့...ဝေးကွာခြင်း
    သံယောဇဉ် နေ့ရက်များ
    အိုမင်းစေကြောင်း တောင်းဆုခြွေရင်း...
    မျှော်လင့်ခြင်းဆိုတဲ့ အသိနဲ့
    ငါ...,
    တိတ်ဆိတ်စွာ
    ရင်ကွဲနာ ကျလျက်ပါ ။

    ထိတယ်ဗျာ ကိုယ်တိုင်ခံစားရသူတော့ မသိဘူး ကျနော်တော့ တော်တော်ထိသွားပြီဗျာ ..
    ကဗျာကောင်းလေးပါဗျာ
    အားပေးပါတယ် :P

Post a Comment