"အစာမကြေခဲ့သော ဘဝအပိုင်းအစများ"

"အစာမကြေခဲ့သော ဘဝအပိုင်းအစများ"

သံသရာ "ရထား" တဲ့
အယ် ငါ့ကျမှဘာလို့
ဒေါင်...လိုက်သွားနေရတာလဲ

ဘာပဲဖြစ်ဖြစ်
ခေါက်ရိုးကျိုးနေတဲ့ မာနကတော့
ဒေါင်လိုက်ရေးဆွဲထားတဲ့
လူကူးမျဉ်းကြားပေါ်မှာ
အလျားလိုက် "က" နေလေရဲ့

အနိစ္စကိုမုန်းတယ်ဗျာ
လက်မှတ်တွေ နဲ့ စိစစ်ရေးကတ်ပြားတွေပေါ်က
သက်တန်းကုန်ဆုံးရက် တွေအပေါ်မှာ
မထီမဲ့မြင် ပြုံးပြုံးပြီးဆက်ဆံတတ်တာကိုပါ

အပေါ်ယံ သွင်ပြင်တခုထဲနဲ့
အရည်အသွေးကို အကဲမဖြတ်နိုင်ပါဘူးဆိုတဲ့ကြားက
လောကကြီးမှာ...
ပါကင်၊ဒီဇိုင်းနဲ့ ကြော်ငြာတွေရေပန်းစားလာတာ
ဘယ်သူ့ ကြောင့်လဲဆိုပါလျှင်
ကျနော်သည်လည်း
ထို့ နည်းလည်းကောင်း...

"စင်တာကလောခ့်" တကယ်ရှိကြောင်း
ကလေးတွေကိုမုသားသုံးအပြီးမှာပဲ
ကောင်းကင်ဘုံကပြန်စာရတယ်

"အသင်လူသား
ကိုယ်တော်သင့်အိမ်မလည်အားပါ
ထို့ အတူကိုယ်တော်ရဲ့
ကြီးမားသောဂရုဏာတော်သည်လည်း
လါမည့်ခရစ္စမတ်တွင် ကိုယ်ထူကိုယ်ထ
ဇီဝိန်ခမြည့် ဝိညဉ်များအနားတွင်
ဆုတောင်းသမှုကိုပြုရင်း..."

မေတ္တာတော်ကို နားလည်ခြင်းဆိုတဲ့
ခေါင်းစဉ်အောက်မှာပဲ
ကုန်သည်ကြီးတချို့ က
ခရစ္စမတ်ကာလမှာ အရက်ကို
discount ချသတဲ့

မြို့ ရဲ့ ဂုဏ်ဆောင်သတင်းလေ
ဦထုပ်ဆောင်းတဲ့ ပုတ်သင်ညိုတချို့
အတောင်မပါတဲ့ အိန်ဂျယ်များရဲ့
ခရစ္စမတ်
အထူးဈေးရောင်းပွဲတော်ည
အလယ်မှာ
မျိုးသုန်းသွားပါကြောင်းဆိုတာ...

မဲပြာရောင် မဂ္ဂဇင်းတချို့ ရဲ့
အတွင်းဘက် မျက်နှာစာမှာ
စတော်ဘယ်ရီ ဖလေဖါနဲ့
အုန်းအုန်းကြွက်ကြွက် ဖေါ်ပြထားလေရဲ့

ဘာလိုလိုနဲ့ သိုးဆောင်းပျိုဖြူတွေရဲ့
နို့ ဆန်ပြုတ် လှူပွဲကို
မျက်မြင်ကြုံရတာဒါပါနဲ့ ဆို
ဒုတိယံမိပါ

တယောက်သောသူကို
သတိရလို့
အလွမ်းတွေအန်ချတော့
Error မကင်းဒဲ့
လိမ်ညာခြင်းတွေက
ပျိုးပျိုးပြက်ပြက် လင်းလို့ ၊ ထိန်လို့

နှုတ်ဆက်ခြင်း ကင်းမဲ့နေတဲ့
ပြတ်စဲခြင်း ညနေမှာ
ဆည်းဆာက
အမှောင် တဝက်ဖြာအကျ
လမင်းက
အလိုမတူသူနဲ့
အိမ်ထောင်ကျ သွားလေရဲ့

ဆွတ်ပျံ့ ခြင်းတွေ
ခြေရာ အနှံအပြား
ငါ့နှလုံးသား
ဗဟိုမှာ...
...မြှားတစင်း...တောက်!
ဘယ်သူလာစိုက်ထားတာလဲကွ...အမေးမှာ
မြှားနတ်မောင်က လက်ထောင်ပြတယ်
မတော်တဆပါတဲ့

ခပ်ကြောင်ကြောင် အတွေးအခေါ်တွေနဲ့
မနက်၊ မမှောင် အသားအရည်ရှိတဲ့ ကျနော့ကို
လက်ရှောင်နေကျပါလို့
အားမနာပ ပြောသွားအပြီးမှာ
အမူပိုတဲ့ ရေလာမြောင်းလေးတခုကို
ပြင်းပြင်းရှရှ သတိရမိတယ်
ဟိုတချိန်က ကျနော်အပေါ်မှာ
အရမ်းချစ်တတ်ခဲ့တဲ့ ညီမလေးတယောက်
အကို့ ထက်ကံကောင်းပါစေလို့
ဆုတောင်းရင်းက...

ချစ်သူကို မြင်လျှက်နဲ့ မှ
သတ္တိရှိရှိ မချစ်နိုင်ခဲ့တဲ့
ဘဝတွေကို မုန်းတယ်
ဒေါသတွေက ဆန်မရှိတော့တဲ့
စဉ့် အိုးတဝိုက်မှာဝေ့ကာဝဲကာ

အဒေါ့်သမီးလေးကို
တကယ်ချစ်တယ်ဆိုရင်...ဆိုကာအစချီပြီး
တထောင်တန်အုပ်တွေပါမှစကားပြောတတ်သော
မတော်လိုက်ရတဲ့ အမေ့စကားတခွန်းက
ငါ့ရာဇဝင်မှာ
ချစ်သူကိုရောင်းစားခြင်းဆိုတဲ့
အမည်းကွက်ကြီးအဖြစ်..ထင်းလို့ ...ကျန်ခဲ့

အပစ်ဖို့ ဘို့ ဘုရားသခင်ထံအသွား
ကျောင်းတော်ရဲ့ တံခါးအဝမှာ
ချိတ်ဆွဲထားတဲ့ စာတမ်းကလေးက
ကျနော်ကို ဟန်ပါပါ ပြုံးပြတယ်
"ဘုရားသခင်သည် တံခါးပေါက်ကိုကား ဖန်ဆင်းတော်မူ၏။ သို့ သော် ဒလဝမ် အလုပ်ကိုကားမလုပ်ချေ" တဲ့

ဒီကြားထဲ အရာတိုင်းမှာ
K-E-Y ကို သိရင်အလွယ်လေးပါဆိုတဲ့
လူစားမျိုးတွေဆီ...
(တခါတလေကျ
Master သော့တူရှိပါလျှက်နဲ့
ဖွင့်ရခက်တဲ့ တံခါးမျိုးနဲ့ တိုးလို့
"မာမူ"လဲ မျက်နှာပျက်ပေါင်းမနည်းတော့ဘူးဆိုတဲ့)
သော့ပြင်ကုလား လက်မြှောက်ရသော
တံခါးတချပ် တနင်္ဂနွေအပတ်တိုင်း
လက်ဆောင်ပို့ ချင်တယ်

ရပ်ကွက်ထဲက ရေထမ်းရောင်းတဲ့
ကိုမိုးကြီး
ဂေါပကလူကြီးသမီး မင်္ဂလာဆောင်နေ့ က
ဘုံဘိုင်ဘေးမှာ အုံ့ အုံ့ ဆိတ်ဆိတ် မျက်ရည်ကျတာ
ဂေါ်လီလိမ့်ရင်းမြင်တဲ့ ဟိုတချိန်တုန်းက
မစာနာတတ်ခဲ့ပါ

နှစ်သစ်ကူးပေါင်းများစွာကျော်လွန်တော့
အဲဒီနေ့ ငါ့ဆီဘယ်တော့ရောက်လာမလဲ
တွေးကြောက်နေရပြီ...ဂါဂါ

သင်္ဘော နဲ့ လေယာဉ်ပျံကို
ငါနင့်အကြောင်းတွေးတိုင်း
တစိုက်မတ်မတ် မုန်းတယ်
နွားခြေရာခွက်ထဲက
ငါတို့ဘဝတွေကို
ကမ္ဘာတခု ရွာပြုဆိုပြီး
အင်တာနက်မှာ လွမ်းနာကျစေခဲ့

ဘာပဲဖြစ်ဖြစ် မော်နီတာကိုကြည့်
ဘလော့ ပေါ်မှ တဆင့်ကမ္ဘာသိအောင်
အသဲကွဲတာထက်စာရင်...
ဘိုးတော်ဘုရားလက်ထက်မှာ
တောင်ရှည်ပုဆိုးစလေး
မမပြီး မျက်ရည်သုတ်ရတာ
ပိုပြီးများစတိုင်ကျလေမလားလို့
Hip Hopတွေနားထောင်ရင်း
တွေးမိရဲ့
မကြေနပ်ရင်
နင်လည်း ဘေလယ်ရေးပါလို့တော့
ဂါဂ့ါ...ကိုပြောမထွက်ခဲ့ဘူး

အင်း
ချွေးတလုံးလုံး ခရစ္စမတ်အတွက်
ဘီယာတွေ ဝယ်စုတတ်နေပြီဆိုတာတော့
အမေနဲ့ ကျနော့်ဆက်ဆံရေးကြားမှာ
"secret" တခုအဖြစ်သိမ်းထားချင်တယ်

Comments

Anonymous said…
ဆွတ်ပျံ့ ခြင်းတွေ
ခြေရာ အနှံအပြား
ငါ့နှလုံးသား
ဗဟိုမှာ...
...မြှားတစင်း...တောက်!
ဘယ်သူလာစိုက်ထားတာလဲကွ...အမေးမှာ
မြှားနတ်မောင်က လက်ထောင်ပြတယ်
မတော်တဆပါတဲ့

(ကောင်းတယ်ဗျ အဲ့လို မတော်တဆလေးတွေ တော်တော်များပြီ :D)

မြို့ ရဲ့ ဂုဏ်ဆောင်သတင်းလေ
ဦထုပ်ဆောင်းတဲ့ ပုတ်သင်ညိုတချို့
အတောင်မပါတဲ့ အိန်ဂျယ်များရဲ့
ခရစ္စမတ်
အထူးဈေးရောင်းပွဲတော်ည
အလယ်မှာ
မျိုးသုန်းသွားပါကြောင်းဆိုတာ...
(အဲ့... ဒီမှာလည်း တွေ့တယ်ဗျို့ .. အဲ့ဒီနေ့က ကျနော် ကျောင်းနောက်ကျနေလို့ အကုန် မသိလိုက်ဘူးရယ် :D )

ချစ်သူကို မြင်လျှက်နဲ့ မှ
သတ္တိရှိရှိ မချစ်နိုင်ခဲ့တဲ့
ဘဝတွေကို မုန်းတယ်
ဒေါသတွေက ဆန်မရှိတော့တဲ့
စဉ့် အိုးတဝိုက်မှာဝေ့ကာဝဲကာ

(ဒါလေးကိုတော့ ကိုယ်ချင်းစာနာမိပါရဲ့ ဘာကြောင့်ရယ်တော့ မသိဘူး )
အင်း
ချွေးတလုံးလုံး ခရစ္စမတ်အတွက်
ဘီယာတွေ ဝယ်စုတတ်နေပြီဆိုတာတော့
အမေနဲ့ ကျနော့်ဆက်ဆံရေးကြားမှာ
"secret" တခုအဖြစ်သိမ်းထားချင်တယ်
( ကျနော်ပါ အဖွဲ့ဝင်ချင်တယ်ဗျာ အမေတော့ မသိကြေးပေါ့ အဟဲ )

ကောင်းတယ်ဗျာ အကုန်လုံးနီးပါး ကောင်းတယ်
ဓါတ်တူနံတူချင်း တွေ့ရတာ ၀မ်းသာတယ်ဗျို့ အဟေး ဟေး
ကဗျာရှည်ကြီးတွေရေးနေတာပါလား လေးစားလောက်ပါပေ့ဗျား ဆက်လုပ်အားပေးတယ်
Anonymous said…
ဒီကဗျာကို ကျနော်ဖတ်တာ ၃ ခေါက်လောက်ရှိပြီး ခံစားချက်တွေကို ဟာသလေးနဲ့ နှောထားတာ ဂွဒ်တယ် ။
Kaung Kin Ko said…
ကဗျာလေး တော်တော်မိုက်တယ်ညီလေးရေ။ အနှစ်တွေ ချည်းပဲ။

Popular Posts