Wednesday, March 25, 2009

အနားမှာရှိနေပေးပါ

အနားမှာရှိနေပေးပါ
ပြောချင်တာတွေဘယ်သူ့ကိုမှပြောပြခွင့်မရတဲ့အခါ

အနားမှာရှိနေပေးပါ
ဆန္ဒနဲ့ဘ၀တွေထပ်တူမကျတဲ့အခါ

အနားမှာရှိနေပေးပါ
မာနနဲ့ပတ်ဝန်းကျင်လုံးထွေးကြတဲ့အခါ

အနားမှာရှိနေပေးပါ
အယောင်ဆောင်အလှတရားတွေကြားမှာ
ငါယစ်မူးစွာနစ်မျှောနေတဲ့အခါ

အနားမှာရှိနေပေးပါ
အလိုဆန္ဒတံလျှပ်တွေနောက်
ငါ ကောက်ကောက်ပါတဲ့အခါ

အနားမှာရှိနေပေးပါ
ငါ့ကိုချစ်တဲ့ သူ တွေကိုတောင်
မေ့လျှော့လာတဲ့အခါ

အနားမှာရှိနေပေးပါ
သူငယ်ချင်းဆိုတဲ့ ငွေမာမျိုးကတောင်
အရောင်တွေပြောင်းလဲလာတဲ့အခါ

အနားမှာရှိနေပေးပါ
ငါ့ကိုယ်ငါပြန် မုန်းဖြစ်လာတဲ့အခါ

အနားမှာရှိနေပေးပါ
ချစ်သူရယ်...နင်ကတောင် မနှစ်မြို့ ချင်ဖြစ်လာတဲ့အခါ
အနားမှာရှိနေပေးပါ။

3 Comments:

  1. လင်းဒီပ said...
    ကောင်းတယ်ကိုငြိမ်သက်..
    သူငယ်ချင်းကို ငွေမာလို့ သုံးလိုက်တာလေးလည်း ကြိုက်တယ်..

    အနားမှာရှိနေပေးပါ
    ပြောချင်တာတွေ ဘယ်သူမှ ပြောခွင့်မရတဲ့အခါ...
    ဦးဂင်ကြီး said...
    လာနေပေးရမလားကွ အားငယ်နေသလားလို့ ဟီးးးးးကောင်းတယ် ကဗျာ
    ပန်းခရေ said...
    အနားမှာရှိနေပေးပါ...
    ငါ့ဘ၀အတွက် အလိုအပ်ဆုံးအရာဟာ မင်းလို့သိလိုက်တဲ့အခါ..........

    သိပ်ကောင်းတဲ့ကဗျာပဲ
    ကိုငြိမ်သက်ကဗျာတွေကိုခုမှသေချာဖတ်ဖူးတယ် အရမ်းသဘောကျသွားပီ
    နောက်လည်းအားပေးပါရစေ

Post a Comment