Monday, April 13, 2009

ဒီနေ့ဧပြီ ၁၄ က...
ကျနော့်မွေးနေ့တဲ့။အမေနဲ့ပတ်ဝန်းကျင်ကပြောတာပဲ...အဲဒီတုန်းကတော့ အတော်ချစ်စရာ ကောင်းတယ်တဲ့။
ဒီမှာအပေါင်းအသင်းသိပ်မရှိတော့...၃နှစ်လောက်ရှိပြီ ခပ်ခြောက်ခြောက် သင်္ကြန်နဲ့မွေးနေ့တွေ ကျော်လွန်ခဲ့ရတာ။အခုနှစ်တော့ တမျိုးထူးမယ်လို့ထင်ထားတာ ပြီးတော့လည်း..း)း( ။ ဒီမှာ ကသင်္ကြန်ပွဲသို ၂ဖွဲ့ခွဲပြီး ၂ခါလုပ်တယ်လေ။စစချင်း စောက်နဲ့ထွင်း ဆိုသလိုပါပဲ ပထမပွဲကို သွားတာ ရန်ပွဲနဲ့ ပက်ပင်းတိုးပါလေရောဂျာ။ဒါနဲ့စိတ်ဓါတ်ကျပြီး သူငယ်ချင်း ၁ယောက်အိမ်မှာ ရေမလောင်းရမယ့်အတူတူ ရရာလောင်းမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ လူစုပြီး ဘီယာတွေလောင်းထည့် ခဲ့ကြတယ်။နောက်တပွဲကို (overseas ကျောင်းသူသစ်ချောချောလေးတွေရှိတယ်လို့ အတိတ်စိမ်း ရထားတာတောင်မှ)မသွားဖြစ်တော့ပါဘူး။ ၁၂ ရက် နေ့ညနေကြတော့ ကံတက်လာတယ် ထင်ပါတယ်၊ ကိုယ်ကြောင်စီကွေးနေတဲ့ ကောင်မလေးနဲ့ အမှတ်မထင်ဆုံပါလေရော ဒါနဲ့ ဒီနှစ်သစ်မှာတော့ အပြီ ဆင်ကြံကြံမယ်ဆိုတဲ့အတွေးနဲ့ (၁၄ ရက်နေ့ မှာဆုံမယ်လို့ ဒိတ်ရအောင်) ညကြရင်ဖုန်းခေါ်မယ်လို့ ကျူလိုက်တယ်ဗျ။ ၁၃ရက် နေ့ မနက်မှ ဖုန်းခေါ်ဖြစ်တော့တယ်။
အဟီး... ညကရေချိန်လွန်သွားလို့လေ...ကျနော်ဖုန်းခေါ်တာ...တနေ့နဲ့တညလုံးလုံးပါပဲ...No answer..
ကျနော့်အထင်တော့ မူးပြီးဖုန်းတွေခဏခဏ ခေါ်တယ်ထင်လို့ မကိုင်တာပဲလား။ ရှေ့  ရေးတွေကြိုတွေးမိပြီး မကိုင်တာပဲလား။
အရင်လူကြောင့် အဆင်သင့်မဖြစ် သေးတာလား။ နောက်လူရင်မှာ .....လား..စသည်ဖြင့် ၁ နေ့ နဲ့ ၁ ည လားပေါင်း များစွာစီးရင်း ဒီနေ့လည်ရောက်မှပဲ သူမကံဆိုးစွာ ကောက်ကိုင်မိလို့ ကျနော်ကံကောင်းစွာ ပွားခွင့်ကြုံပါလေရော။
ပထမတော့လေ...တနေ့နဲ့တည စုထားတဲ့ဒေါသတွေ လွှတ်ထည့်လိုက်မယ်ပေါ့...ဟလို ဖုန်းခေါ်တာမရလို့ စိတ်ဆိုးနေပြီထင်တယ်။ ဒီကလေ silent လုပ်ထားမိလို့လေ ဖုန်းလာရင်ချက်ချင်းမသိဘူးဖြစ်နေတယ်။ ပြန်ခေါ်ချင်တယ်လေ ဒါပေမယ့်...ဖုန်းထဲမှာ credit က without ပြနေလို့တဲ့...စတဲ့ ဆင်ခြေ ဆင်လက် ဆင်နားရွက်တွေလည်းပြီးရော ကျနော်ဒေါသတွေလည်း ရှာမရတော့ဘူး။
...ဒါနဲ့ပဲ..ကျနော်လည်း..ရပါတယ်ပေါ့...ဒီနေ့မွေးနေ့ပေါ့...ဆိုလည်းဆိုရောဗျာ...ကိုယ်တောင်ရန်ပြန်လုပ်သွားတယ်။
ဘာဖြစ်လို့ စောစောတည်းက ကြိုမပြောတာလည်း အရေးထားပြီးပြောရမယ့်စာရင်းထဲက လူမဟုတ်လို့ လား။ သူ့ကို မခင်လို့လား။ သူ့ခင်မင်မှုက သံသယဝင်စရာဖြစ်နေလို့လား...ဆိုပြီးရန်တွေ့လိုဝ မှ သူ့ဆီ အခုလာလည်ပါလားတဲ့။ မဖြစ်နိုင်တဲ့ ကိစ္စကို စပြောတယ်...ဒီနေ့ အမေ့ကိုဈေးလိုက်ပို့မယ်လို့ကတိပေးထားပြီးနေနှင့်ပြီလေ။မွေးနေ့မှာ ကုသိုလ်ဖြစ်၊မုန့်ဖိုးဖြစ်လေးပေါ့ ....း)။
ပြီးတော့နေရာက အနီးလေးမှ မဟုတ်တာ...ဒါနဲ့ ကောင်းပြီကောင်းရဲ့  ဆိုပြီး ၁၆ ရက်နေ့မှာ တွေ့ဖို့ ပါမစ်ပေးသွားလေရဲ့ 
ဘာတွေဖြစ်လာမယ်တော့မသိဘူး...ကိုယ်ဖြစ်ချင်တာတွေပဲတွေးထားတယ်း)။း( လားး)လား တော့မပြောတတ်ပေမယ့်
ဘာပဲဖြစ်ဖြစ် သူမ ကျနော့် စိတ်ကူးထဲကောင်မလေး လို ကံကောင်းပါစေလို့ ဆုတောင်းနေပါတယ်။သူမကို ကျနော့်ရဲ့  ဂါဂါ အကြောင်းပြောပြရမှာလား ဂါဂါ့ကိုပဲ သူမအကြောင်းပြောပြရမှာလား...အာ..ဘာပဲဖြစ်ဖြစ် အသက်ရှင်သရွေ့  တော့ မပြောင်းမလဲ အမေကသူ့ သားပါပဲတဲ့ ဈေးဝယ်ရင်းအထူပ်ကူသယ်ပေးတုန်းက ပြောတယ်။ကဲ ငွေမာတွေကရော အရောင်စိမ်းမှာလား ? အတောင်ယိမ်းမှာလား?...ကဲပြော...မွေးနေ့ကိတ်စားရင်းနဲ့
ငြိမ်သက်ကို....
စုတောင်းပေးလိုက်ပါတယ်။မွေးနေ့ ဆိုတာငါ့ကိုဘာလို့ 
စောစောမပြောလဲ။
မိန်းမရဘို့အရမ်းကြိုးပမ်းနေတယ်ဆို
မရလဲလွယ်လင့်တကူ ယောက်ကျားယူပါလား
နော်
ဒီလောက်ရူးရဲတာ မျိုးရိုးလိုက်လို့နေမှာပေါ့နော်
ဒီလောက်ပေါရဲရင် ရုပ်ရှင်မင်းသားဖြစ်နိုင်ပြီ
ပိုက်ဆံ များများရှာထားနော်
များတို့ကိုအားကိုးလို့ရတယ်နော်
ဖြတ်-ဖေါက်-ချုပ်ထဲက လှလှလေးတွေရှိတယ်
မိုက်တယ်နော် ခိုက်သွားမယ် သိလား နော် နော်
逆援助
SEX
フェラチオ
ソープ
逆援助
出張ホスト
手コキ
おっぱい
フェラチオ
中出し
セックス
デリヘル
包茎
逆援
性欲
generic viagra