ပြည်ထောင်စုနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့


ဓါးမဦးချ
ဘိုးဘွားအမွေအနှစ်
ပြည်ချစ်မြေကို
သာတူညီမျှ
ဒင်းတို့လည်းမကျန်ခဲ့ရလေအောင်
....မသိတော့ဘူးဗျာ
ပင်လုံရယ်...
ဒို့ညီအကိုတွေနှစ် ၇၀ကျော်
စိတ်ဝမ်းကွဲခဲ့တဲ့ဒီခဏကို
မျက်နှာအို လူညိုအချင်းချင်း
တွေ့ဆုံဆွေးနွေးနိုင်ခြင်းနဲ့
သမိုင်းသစ်မော်ကွန်းတင်နိုင်ပါစေလို့
ပိုင်ရှင်ပျောက်ဆုံးခဲ့တဲ့ ဖိနပ်တွေ
မီးတင်ရှို့ခံခဲ့ရသော ရွာဟောင်းနေရာတွေ
စာသင်ခန်းမှပေါက်ဖွားခဲ့ကြသော
ယူနီဖောင်းတွေကရော...
အတူတူဆိုပါရင်လေ
ကဲ...မိတ်ဆွေ
ပကာသနတွေဖြုတ်
ရိုးသားစွာ ပြည်သူလုပ်ရင်း
ရွှေပြည်သစ်ဆီသို့

Comments

Kaung Kin Ko said…
ပြည်ထောင်စုနေ့ ကဗျာလေး လာဖတ်သွားတယ်ညီရေ။